Saturday 1 December 2007

အဖော်...

အဖော် ဆိုတာ ဘာလဲ။... မဟုတ်တာ တွေ မတွေးနဲ့ နော်...။ သိရင် အသာနေကြ။ ကျွန်တော် ပြောချင်တာ အဲ့ဒါ မဟုတ်ဘူး။ ၀ိုင်းဝိုင်း ဆိုထား တဲ့ "ကမ္ဘာမြေရဲ့ တစ်နေရာ မှာတော့ အားပေးမယ့်သူ ရှိရင် တွေ့ ချင်သေးတယ်... " ဆိုတဲ့ သီချင်းထဲ က လို ဘ၀ အဖော်အမွန် ကို ပြော တာပါ။ နေ့တစ်နေ့ ဖြတ်သန်း ဖို့ အတွက် ခွန် အားတွေ လို သလို ဘ၀ တစ် ခု ဖြတ်သန်း ဖို့ အတွက် ဘ၀ အဖော်မွန် ဆို တာ လို ပါတယ်...။ဟာဗျာ ...ကျွန်တော်ကဖြင့် လူပျို ကြီး လုပ် မှာဗျ ၊ကျွန်မကဖြင့် အပျိုကြီး လုပ်မှာ ရှင့် ဆိုတဲ့ လူ တွေ အတွက် တော့ လိုချင်မှ လိုမှာ ပေါ့။ ဒါပေမဲ့ သေချာပါတယ်...မကြုံ ဖူးသေးလို့ ဖြစ်မှာပါ...။ ဒါမှမဟုတ် .................။ ဘာသံယောဇဉ် ၊ဘာအနှောင် အဖွဲ့ မှ မရှိ ပါဘူး ဆိုတဲ့ ရဟန်းရှင်တွေ တောင် မှ အဖော်အမွန်ဆိုတာ ရှိသေးတာပဲ။ အဲ့ဒါဘာလဲ ဆိုတော့ တရား၊ဘာဝနာ ပဲလေ။ သူတို့ မွေ့လျော်၊ကျင့်ကြံ အားထုတ် နေတဲ့ တရား၊ဘာဝနာ ဟာ သူတို့ ရဲ့ အဖော် အမွန် ပဲ လေ။ မဟုတ်ဘူးလား။ တို့ တစ်တွေက ပုထုဇဉ် လူသားတွေလေ...။အဲ့ဒီတော့ တို့ အတွက် ဘ၀ ခရီး အဖော် ဆိုတာ မလိုပေဘူးလား။ လိုတာပေါ့ ဗျာ။ကို ရဲ့ အဖော်အမွန်ဟာ ကိုယ့် အပေါ် နားလည်မှုရှိတဲ့ သူ၊ အပြန်အလှန် နားလည်မှု ရှိတဲ့သူ ဖြစ် ဖို့တော့လို တယ်။ ကိုနဲ့ ဘ၀ချင်း၊စတိုင်လ်ချင်း၊စရိုက်ချင်း မတူတဲ့ သူတစ်ယောက် နဲ့ ချစ်မိသွားရင်လည်း ဘ၀ ခရီးဖော်အဖြစ်လက်တွဲ သင့် မသင့် စဉ်းစားဖို့လိုတာပေါ့။ အဆင်ပြေသွားတာတွေ ရှိသလို အဆင်မပြေနိုင်တာတွေလည်း ရှိလာနိုင်တာပဲလေ။ "ချစ်တာနဲ့ လက်ထပ်တာနဲ့ တစ်ခြားစီ ပဲ လေ" ဆိုတဲ့ လူတွေ အတွက်တော့ ကောင်းပါတယ်။ချစ်တာကချစ်တာ ပဲ လက်ထက်တာဟာ လက်ထပ်တာပဲ။ အဲ့ဒီလို ကွဲကွဲပြားပြား သိဖို့တော့ လိုတာပေါ့။ အဲ့ဒီလိုမှ မဟုတ်ဘူး.... ကိုယ်ကတော့ သူ့ရဲ့ စတိုင်၊ သူ့ရဲ့အလှအပတွေအပေါ် မှာ ယစ်မူးပြီးတော့ ငါတော့ သူ့ကို တမ်းတမ်းစွဲချစ်မိနေပြီ။ ...သူနဲ့ လည်းမခွဲနိုင်ဘူး ဆိုပြီး ဦးနှောက်နဲ့ မစဉ်းစားပဲ နလုံးသား ကို ရှေးတန်းတင် မယ်ဆိုရင် တော့ ရှေးတန်းတင် လိုက်ပေါ့...ကိုယ့်စိတ်နဲ့ ကိုယ်ပဲ...။ အဆင်ပြေ သွား ရင်တော့ ကောင်းတာ ပေါ့..။ ကွဲ ကြ ပြဲ ကြ တဲ့ အချိန်ရောက် မှ....."သိပ်ချစ်တယ်ဆိုပြီး ခုတော့ ဘယ်မလဲ*****" တို့ " ကြုံဆုံ ခဲ့တာ ကြေကွဲ ဖို့ လား***** .....ချစ်သူပြောပါကွာ...**** " လို့ ဆိုပြီး Lဆိုင်းဇီ တို့ ၊ Rဇာနည် တို့ ကို အကူ အညီ ခေါ် ပြီး ပေါက်ကွဲ မနေကြ နဲ့ ပေါ့။ အရှင်စန္ဒာဓိက ရေး တဲ့ "အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် " ခေါင်းစဉ် ထဲကအ တိုင်း.....၀တ္ထုတွေ၊ ရုပ်ရှင်တွေ ထဲ က လို " နောက်ဆုံး ထွက်သက် အထိ ချစ်သွား မှာ ပါမောင်" လို့လည်း စိတ်ကူး ရင် မနေပါနဲ့..၊သီချင်းတွေထဲက လို "ရက်စက်တတ်တဲ့ မင်း ရဲ့အနားမှာ ရက်စက်မှု တွေ ခံယူချင်တယ် " လို့ လည်း တမ်းတ မနေကြပါနဲ့...။လက်တွေ့ဘ၀မှာ စိတ်ချမ်းသာဖို့ နဲ့ ဖြစ်နိုင်ရင် ဘ၀လွတ်မြောက်မှု ရဖို့ အတွက်သာ အတတ်နိုင်ဆုံး ကြိုးစားကြပါ...။အဖော် မကောင်းရင် အဖော်ပြောင်းကြပေါ့...။ဒါပဲ ရှိတာ ကိုး...။ဘ၀ အဖော်မွန်ကောင်းတွေ ရှာတွေ့နိုင်ကျပါစေ....။

Wednesday 28 November 2007

ကိုလွမ်းဝေ ရဲ့ ချစ်ဇာတ်လမ်း များ...

တစ်ခါက နယ်မြို့လေးတစ်မြို့မှာ ရည်းစားနဲ့အဆင်မပြေတဲ့ ကိုလွမ်းဝေတစ်ယောက်ရှိတယ်တဲ့။ပြောရရင် ကိုလွမ်းဝေတစ်ယောက် အသဲကွဲ နေတာပါ။အရင်ကဆိုရင် ရည်းစားတွေ မိုလိုပေါက်နေတဲ့ ကို လွမ်းဝေကြီး ဒီတစ်ခါတော့ လုံးဝ မနေသိ မထိုင်သာ အသဲကွဲ နေလေပြီ။ကို လွမ်းဝေ နဲ့သူ့ကောင်မလေးစတွေ့ ခဲ့တာက ဒီလိုပါ။ ကိုလွမ်းဝေနဲ့ ရွှေထိုက်တို့ က တစ်လမ်းတည်း သားချင်းတွေပါ။ကို လွမ်းဝေကလက်ဖက်ရည်ဆိုင် အသွား မှာရွှေထိုက်လေးကျောင်းက အပြန်နဲ့ သွားဆုံတာပါပဲ။ လွမ်းဝေကရွှေထိုက် ရှေ့ က နေ ဖြတ်လျှောက်ပြီး ရိသက်သက်နဲ့ " ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါး ဒါး ဒါး ....ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါး ဒါး ဒါး ....မိန်းမ လည်း မရှိဘူး....ရည်းစားဆိုလည်း မရှိဘူး...ရုပ်ချောလှတဲ့ လူပျိုပါ...ရုပ်ချောလှတဲ့ လူပျိုပါ...ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါး ဒါး ဒါး ....ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါ ဒါး ဒါး ဒါး ....လူပျိုဟာ ကျွန်တော်ပါ...အပျို လေးမြင်ရင် ချစ်မိသမျှ ...ရွှေထိုက်လေးကို မြင်တော့မှ ဘယ်သူ့မှကို မလိုချင်ပါ... " ဆိုတဲ့ သီချင်းလေး ဆိုသွားတဲ့ အချိန်မှာ...ရွှေထိုက်က ဒေါသ ထောင်းကနဲ ထွက်သွား သည်။ ဘယ်က ထွက်သွားတာ လဲ လို့ မမေးနဲ့နော်..။စိတ်ဆိုးသွားတာကို ပြောတာပါ။အဲ့ဒီချိန်မှာ ရွှေထိုက် က ကို လွမ်းဝေ ကြီးကို ရန်တွေ့ပါလေရော။ "ရှင်က ကျွန်မကို ဘယ်လို အတန်းအစားများ မှတ်နေလဲ။? ရှင်ကျွန်မကို ဘာနဲ့နှိုင်းတာလဲ။?တစ်ခုလပ် မဟုတ်ဘူးရှင့်၊ အပျိုရှင့် ၊အပျိုရှင့်။နားလည်လား။" ကို လွမ်းဝေက " ဟာ ရွှေထိုက်ရယ်...ငါ နင့်ကို ဘာနဲ့ မှ မနှိုင်းပါဘူးရွှေထိုက်လေးရယ်...။ဘာလဲ နင်က ငါ့ ကို လာကြွားနေတာလား ရွှေထိုက်...ငါက နင့်ကို ခင်လို့ စတဲ့ဟာ ကို။" လို့ ပြောလိုက်ပါတယ်။ ရွှေထိုက်လည်း ရှက်ရှက်နဲ့ ထွက်ပြေးသွားလေပြီ။ရွှေထိုက် ပေါက်ကွဲ မယ်ဆိုလည်း ပေါက်ကွဲ စရာပဲလေ...။သီချင်းစာသားမူရင်းက ***ရွှေထိုက်ကလေးကိုမြင်တော့မှ ***ဆိုတဲ့ နေရာမှာ "တစ်ခုလပ်ကို မြင်တော့မှ မုဆိုးမ ဆိုမလို ချင်ပါ ***လို့ အားလုံး အားလုံး ကြားဖူးကြတာပဲ...။အဲ့ဒါကို ရွှေထိုက်က မကျေနပ်လို့ စိတ်ဆိုးသွားတာပါ။ ဒီ အဖြစ်အပျက်ကို မောင်လွမ်းဝေ သူငယ်ချင်း တစ်ယောက်က မြင်သွားလေတယ်.။ထုံးစံအတိုင်းပေါ့ လက်ဖက်ရည်ဆိုင်မှာ လူကလည်းဆုံ၊သူငယ် ချင်းတွေကလည်းဆုံ ဆိုတော့ တစ်ယောက်နှင့်တစ်ယောက် ရှေး ဟောင်းနှောင်းဖြစ်တွေပြောရင်း မောင်လွမ်းဝေက သူရဲ့အဖြစ်အပျက်တွေကို ဖောက်သည်ချလိုက်သည်။ဒီအကြောင်းတွေကို သူငယ်ချင်းတွေကို ကြားတော့ သူငယ်ချင်းတွေက" ဒါ မင်းကို အထာ ပေးတာပဲ ဆို ပြီး " မြှောက်ပေး လိုက်လေရဲ့။ဒါကို တစ်ကောင်သား မောင်လွမ်းဝေ က ဖီလင် တွေတက်ပြီး လက်ဖက်ရည် တစ်ဝိုင်း လုံး ရှင်း လိုက် သတဲ့ဗျာ...။နောက်နေ့က စပြီး မောင်လွမ်းဝေ သူရဲ့ အချစ်ဇာတ်လမ်းကို စတော့တာပါပဲ။ဒီလိုနဲ့ ရွှေထိုက်လေး ကျောင်းသွား၊ကျောင်းပြန် နောက်ကနေ အတင်း လိုက် စကား တွေ ပြော၊စာတွေပေး ။ညဆိုရင်လည်း ရွှေထိုက်တို့အိမ်နဲ့ မလှမ်းမကမ်း နေရာ က နေရာ လေး မှာ သူငယ်ချင်းတွေနဲ့ ဂစ်တာတီး ပြီး အချစ်သီချင်း၊အလွမ်းသီချင်းတွေနဲ့ ရွှေထိုက်လေးကို ဖိုသံပေးနေတာပေါ့။ဒီလိုနဲ့ အချိန်တွေကြာလာတော့ လွမ်းဝေ နဲ့ ရွှေထိုက်တို့ က တစ်ယောက်ကို တစ်ယောက် သံယောဇဉ်တွေ ရှိလာခဲ့ကြပါတယ်.။တစ်နေ့ကျတော့ လွမ်းဝေ က ရွှေထိုက်လေးကို သူတို့ ချိန်းတွေ့ဖို့ အကြောင်း ၊နှစ်ယောက်ထဲ စကားတွေ အများကြီး ပြောချင်တယ်ဆိုတဲ့ အကြောင်း ပြောပေမဲ့ ရွှေထိုက်လေးက အဖေသိရင် မလွယ် ဘူး၊အမေသိရင် မလွယ်ဘူး ဘာညာ နဲ့ ဆင်ခြေတွေပေးပြီး လက်မခံ ခဲ့ပါဘူး။မောင်လွမ်းဝေက ကြိမ်ဖန် များစွာ ပြော လာတော့ ကောင်မလေး လည်း ဘယ် နေနိုင်မလဲ။ "***မြဲမြဲ ခိုင်တဲ့ ကျောက်ရုပ်တွေ တောင် တွန်းတိုက် ပါများနဲ့နဲ့ လို့ လာတယ်***" ဆိုတဲ့ ဗဒင် သီချင်းလိုပေါ့။ နောက်ဆုံး တော့လည်း ရွှေထိုက် လေးလည်း သဘောတူ လိုက်ရတာပေါ့။ ဒီလိုနဲ့ ရွှေထိုက်လေး က "'ဒါဆိုရင် မနက်ဖြန်ည ၉း ၀၀ နာရီ မှာ ကျွန်မတို့ အိမ်ရှေ့ က မန်ကျည်း ပင်းကြီး အောက်က နေ ရှင် စောင့်နေပါ ကျွန်မဆက်ဆက် လာခဲ့မယ် ..."လို့ လဲ ပြော လိုက်ရော ၀မ်းသာ အားရနဲ့ အိမ်ပြန်သွားပါတယ်...။ မောင်လွမ်းဝေတစ်ယောက် မနက်ြဖန် အရေးကို သာ တွေးစပြီး တစ်ညလုံး လူးလိုက် လှိမ့်လိုက်နဲ့ သူနဲ့သာ နှစ်ယောက်တည်း တွေ့ရင်ဆိုတဲ့ အတွေးတွေနဲ့ စိတ်ကူးရင်နေလိုက်တာ မိုးဘယ်လို လင်းသွားတယ်ဆိုတာ တောင် သတိထား မိပုံ မပေါဘူး။ နောက်တစ်နေ့ည လည်း ရောက်ရော ရေ မိုး ချိုး အ၀တ်အစားကို အမှန်အကန်ရွိုင်း သွားတာ ပေါ့။ချစ်သူနဲ့ တွေ့ရတော့ မယ်ဆို တဲ့ အတွေး တစ်ခု တည်းနဲ့ လှစ်သွားတာ လမ်းမှာ ဘာတွေရှိမှန်း ၊ဘာသူတွေ ရှိ မှန်းတောင် သတိမ ထားတော့ ဘူး။ည ၉း၀၀ နာရီ လည်း ထိုးရော ကောင် မလေး ရောက်လာ ပါတယ်...။မောင်လွမ်းဝေလည်း အရှိန်တွေ(tempo)အရမ်းတက်နေ ပြီလေ။အဲ့ဒီချိန်မှာ ရွှေထိုက် အမေက အပေါ့သွားရာ ကနေပြန်လာ ရာ အသံတွေကြားတယ်ဆို ပြီးတော့ လက်နှိပ်ဓာတ်မီးနဲ့ ဟိုကြည့်ဒီကြည့် လုပ်ရင်း မန်ကျည်း ပင်ကြီး ရဲ့ အောက် ကို လက်နှိပ်ဓာတ်မီး အလင်းရောင် လည်း ရောက်လာရော တကောင်သား ပြေးပါလေရော။ အဒီ ချိန်မှာ လွမ်းဝေ ကို ဘယ်ချိန်ကတည်းက မျက်စိဒေါက်ထောက်ကြည့်နေမှန်း မသိတဲ့ ခွေးတစ်ကောင်က လွမ်းဝေနောက်ကို အတင်းလိုက်စွဲ ပါလေရော ဗျာ....။(ဒီကောင်ကြီး ကြည့် မရတာကြာပြီ ၊လမ်းထဲမှာဆိုလည်း သူတစ်ယောက်တည်း ရှုပ်နေတာပဲ၊ မျက်စိ နောက်နေတာကြာပြီ ၊ကြုံတုန်းလေး မှတ်လောက်သားလောက်အောင် တစ်ခါလောက်တော့ လိုက်ကိုက်ပေး လိုက်အုံး မယ်ဆိုတဲ့ အသိ စိတ် နဲ့ လိုက်ကိုက်နေသလား မသိ) ။လွမ်းဝေဆို တဲ့ ကောင်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ဖနောင့်နှင့်တင်ပါးတစ် သားတည်းကျအောင်ပြေးရင်း ကျောက်ခဲတစ်လုံးနဲ့ ခလုတ်တိုက် မိပြီး မှောက်ရက်ကို လဲလေရဲ့။ပုဆိုးပါကျွတ်ပြီး ကျောက်တုံးနဲ့နဖူးပါရိုက်မိလိုက်သေးသည်။ ဒီကြားထဲ နောက်က ခွေး လိုက် လာပြီ ဆိုတဲ့ အသိစိတ်နဲ့ အတင်း ကုန်းရုံး ထပြီးပြေး ရာ လုံခြည် ကောက်ဖို့ အချိန်တောင် မရလိုက်ပါဘူး။ ဒါတောင် ခွေးက မှီ ဖြစ်အောင် မှီ လိုက်သေးတယ်။ ခွေးက လည်း လွမ်းဝေ ရဲ့ ခြေသလုံးကို အားရပါးရ ကို ကိုက် ပေး လိုက်တယ်။မောင်လွမ်းဝေ ခြေသလုံးမှ သွေးတွေ ရဲ နေတာကို ခွေးက ကျေနပ်နေတဲ့ အပြုံး တွေနဲ့(ဒါမှ တို့လမ်းထဲ မျက်စိရှုပ် သက်သာမှာဆိုတဲ့အပြုံးဖြင့်...) ကြည့် ရင်း လှည့်ပြန်သွားလေသည်။ အဲ့ဒီချိန်က စပြီး မောင်လွမ်းဝေ စပြီးအသဲကွဲ တာပဲ။လွမ်းဝေလည်း နဖူးဒဏ်ရာနဲ့ ခွေးကိုက် ခံလိုက်တဲ့ ဒဏ်တွေကြောင့် အိမ်မှာ ဆေးလေးဘာလေးထည့်ရင်း ၇၊၈ ရက်လောက်အောင်းနေလိုက် ရသည်။ရွှေထိုက်ရဲ့ မိဘတွေကလည်း ဒီအကြောင်းတွေလည်းသိရော.. ရွှေထိုက်လေးကို ရန်ကုန်က ဆွေမျိုးတွေဆီ ကို ပို့ပေး လိုက် ကြပါတယ်။ရွှေထိုက်လေးရဲ့ မိဘတွေကလည်း လွမ်းဝေဆိုတဲ့ ကောင်နဲ့ ဘယ်လို လုပ်သဘောတူချင်မှာလဲ။လွမ်းဝေဆိုတဲ့ ကောင်ကလည်း အားအားရှိ သူငယ် ချင်းတွေနဲ့ ဘီးလီးယက် ထိုး။ချက်ထိုး၊ ဘောလုံးပွဲကြည့်၊ဘောလုံးပွဲ လောင်း၊ မိဘ ပိုက်ဆံ ကို ထိုင်ဖြုံးနေတဲ့ ကောင်။ပြီးတော့ ဆယ်တန်းကို သုံးနှစ် ကျထားတဲ့ ကောင်။အဲ့တော့ ရွှေထိုက်ရဲ့ မိဘ တွေက သူတို့သမီးလေးနဲ့ဘယ်သဘောတူချင်ပါ့မလဲ။အဲဒါကြောင့် ရွှေထိုက် ကို မောင်လွမ်းဝေနဲ့ ဝေးတဲ့ နေရာကို ပို့လိုက်တာပါပဲ။အဲ့ဒီချိန်မှာ မောင်လွမ်းဝေရဲ့ အလွမ်းရောဂါ ကတော့ စပါပြီခင်ဗျာ...။ ခုတော့ လည်း မောင်လွမ်းဝေဆိုတဲ့ နာမည် နဲ့ လွမ်းနေရပြီပေါ့ ။လွမ်းနေတဲ့ သူဆိုတော့လည်း နေမသိ ထိုင်မသာ ဖြစ်နေတာပေါ့။ဟိုသွားရတော့ မလိုလို ဒီသွားရတော့ မလိုလို ဖြစ်နေတယ်...။ ရွှေထိုက် ကို သတိရ နေတဲ့ စိတ်တွေက လည်း လွမ်းမိုး နေတော့ တစ်ချိန်လုံး ရွှေထိုက်လေးကို ပဲတမ်းတ နေမိ တယ်တဲ့။လွမ်းဝေသူငယ်ချင်းတွေက လည်း လွမ်းဝေဒီ လို ဖြစ်နေတာကို မကြည့် ရက်တော့ လမ်းထိပ်မှာ ကာရာအို ကေသွားဆို ရအောင်ဆို ပြီးထွက်သွားကြတာ ကာရာအိုကေ ဆိုင်လည်းရောက်ရော...ပထမဆုံး ကြားတဲ့ သီးချင်းသံက ဦးကျော်ဟိန်း ရဲ့ "နေဆိုတာအပူပြင်းဆုံး မီးခဲကြီး ***(အာ ဟား အာဟား ) ***ကိုယ်ဒီလို ကြားခဲ့ဘူးခဲ့ တာ မှားသွားတယ်*** အပူဆုံးဆိုတာ အမုန်းနဲ့ အချစ် ***(အာ ဟား အာဟား ) ***ကိုယ်တိုင် အသဲ မီးလောင်သွားခဲ့တယ်****" သီချင်းသံ ကို လည်း ကြားရော ...အလွမ်းတွေက လိပ်လိပ် ပြီးတက်လာတယ် ဆို ပြီး ။ "ငါသီချင်း မဆို တော့ဘူး ကွာ " တဲ့။ အဲ့ဒါနဲ့ "သီချင်း မဆိုတော့ ဘူးဆိုရင်လည်း အရက်သွားသောက်ကြမယ်ကွာ...။" လို့လွမ်းဝေ သူငယ်ချင်းတစ်ယောက်က ပြော လိုက်တော့ အားလုံး သဘောတူ လိုက်ကြပါတယ်။ အရက်ဆိုင် လည်းရောက်ရော...စားပွဲထိုး လေး က အသဲအမြစ်ကြော် တစ်ပွဲ ကို မမှာပဲ လာချလိုက် ပါတယ် ။ ဒါကို ပဲ လွမ်းဝေဆို တဲ့ ကောင်က အဲ့ဒီ အသဲလေးတွေကို ကြည့်ပြီးတော့ သူတို့လည်း ငါလိုပဲ အသဲ မီးလောင်ခံထားရတဲ့ (အသည်းကွဲ နေတဲ့ ) သူတွေပဲ ဖြစ်မှာပါဆိုပြီး ဘ၀တူ ချင်းတွေ အတူ တူ မစားရက်ပါဘူးကွာ....ဆိုပြီး အရက် မသောက်ပဲ သူငယ် ချင်းတွေကို နုတ်ဆက်ပြီး ဆိုင်ထဲက ထွက်လာခဲ့ပါတယ်။အဒီချိန်မှာပဲ လမ်းဘေးက အကြော် ဆိုင် က ဖွင့်တဲ့ သီးချင်းကို က " ဒိုး ရတော့မယ် အချစ်ရေ...နုတ်ဆက်ခဲ့ပါတယ်.....ဒီကမ္ဘာမြေပြင် မီးတောက်ဝိုင်းအလယ် ****ရှောင်ရန် လမ်းမရှိတော့ပါ ပြောလည်းကွယ်....ချောင်ထဲပိတ် အေးချမ်းမှု ဝေးသောစည်း အပြင် ကိုယ်လေရောက်ဖို့ ဒိုး(သွား)တော့မယ်...***ဒိုး(သွား)ရတော့မယ် အချစ်ရေ ***နုတ်ဆက်ခဲ့ပါတယ် .......***ဒိုး(သွား)ရတော့မယ် အချစ်ရေ .....ကိုယ် တကယ် မခံစားနိုင်ဘူးအချစ်ရယ်.....***" တဲ့။ ဒီနားက ဆိုင်တွေက လည်း ကျွန်တော် ကို များ စောင်းပြီး တော့ ဒီသီချင်း ကို တမင် ဖွင့် နေတာလား မသိဘူး ဆိုပြီး မသိမသာ တိုးတိုးလေး ရေရွတ် မိလိုက်သည်။ မောင်လွမ်းဝေ အိမ်ပြန်ရောက်တော့ .အိပ်ယာ ပေါ်လဲ နေရင်းအကြံတစ်ခု ရသွားသည်။ဒီနေရာ၊ဒီလမ်း ၊ဒီပတ်ဝန်းကျင်မှာ နေ နေသမျှ ကာလ ပတ်လုံး ငါ့ ရဲ့ အလွမ်းရောဂါတွေ သက်သာမှာ မဟုတ်ဘူး ဆိုပြီး အဘိုး ရှိတဲ့ ရွာ မှာပဲ သွားနေတော့မယ် လို့ ဆုံးဖြတ်ချက်ချလိုက် ပါတယ်။...(လွမ်းဝေဆိုတဲ့ ကောင်ကလည်း ငယ်ငယ် က အဘိုးရှိတဲ့ ရွာမှာ ပဲ အချိန်တော်တော်ကြာကြာ နေခဲ့ဖူးတာကိုး။ရွာမှာ အဘိုးက သူကြီးပါဆိုပြီး နေ ချင်သလို နေ လုပ်ချင် သလို လုပ်နေတဲ့ကောင်မျိုးလေ။ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် ဟိုအိမ်က ကြက် ကို ခိုး လို့ ခိုး.။ ဒီအိမ်က ဘဲ ကို ခိုးရိုက် လို့ရိုက်။ ကြက်ဝိုင်း၊ဖဲဝိုင်းဆိုရင်လည်း လွမ်းဝေဆိုတဲ့ ကောင်ပါတာပဲ။ ဒါကို တစ်ရွာလုံး ကလည်း ဒီလွမ်းဝေဆိုတဲ့ ကောင်ကို အော်ကျော လန်နေကြတာ.။သူကြီးမြေးဆိုတော့ လည်း ဘယ် သူ က မှ မပြောရဲကျဘူးလေ။ လွမ်းဝေဆိုတဲ့ ကောင်က အဒီလို ကောင် မျိုး။) နောက်တစ်နေ့ မနက်မှာ အဘိုး ရှိတဲ့ ရွာကို ထွက်သွားပါတယ်။ ရွာထိပ် လည်း ရောက်ရော...လွမ်းဝေ စ ကြားလိုက်တဲ့ သီချင်း က ..." ရန်သူငါးပါးထဲ မှာ သူခိုး ဓါးပြ ထက် ဆိုးတဲ့ ရန်သူ ဟာ ....မီးဘေး ရှောင်လို့ မ လောင် ခင် တားနိုင်ဖို့ရာ....****" တဲ့။ သေချာပါတယ် ဒါ ငါ့ ကို တမင် ရည်ရွယ် ပြီး ဖွင့် တာပဲ ဖြစ်မှာပါဆို ပြီး ...ရွာထဲကို အရင် မ၀င် သေးပဲ...ရွာဦးကျောင်းဆရာတော်ဘုန်းဘုန်း နဲ့ အရင်ဆုံး ငြိမ်းချမ်းရေး ရအောင်ယူမယ် ဆိုပြီး ဘုန်းကြီးကျောင်းထဲကို ၀င်သွားလိုက်လေသတည်း.။ မောင်လွမ်းဝေ ကျောင်းပေါ်တက် တက်မယ့် အချိန်မှာ ဘုန်းဘုန်းရဲ့တရား စဟောသံ ကို ကြားလိုက်ရပါတယ်...။ ဒီနေ့ဘုန်းဘုန်းတို့ ဟော မယ့်တရားက တော့ "ကိုယ့်တို့ ဝေးနေ မိုင်ပေါင်း ကုဋေ" တဲ့ .။ဘာတရားလည်း ဟေ့ တရားနာ ပရိတ်သတ် " ကိုယ့်တို့ ဝေးနေ မိုင်ပေါင်း ကုဋေ"ပါဘုရား တဲ့။ မောင်လွမ်းဝေ လည်း ကို နဖူးကို ကိုယ် ပြန်ရိုက်ပြီး တော့ " သေပြီ ဆရာ " ရေရွတ်လိုက် ပုံက " သေပြီ ဆရာ " တဲ့။ လွမ်းဝေ လည်း ဘုန်းဘုန်းရဲ့ တရား ခေါင်းစဉ် ကို ကြားပြီး အ လွမ်းတွေ လိတ်တက်လာ လာ ပါတော့သည်။ဒါကြောင့် ဒီမှာ လည်း မနေတော့ဘူးဆို ပြီး ပြောမဆုံးပေါင် တောသုံးထောင် ဖြင့် မောင်လွမ်းဝေ တစ်ယောက် သူချစ်သူလေးရဲ့ အကြောင်းကို တွေးရင်းခြေဦးတည့်ရာ ကို လျှောက်သွားလေသတည်း။။..... ဆက်ရန်ရှိသည်...။

Tuesday 27 November 2007

ဝါသနာ ပါရင်ဖြေကြည့်ရအောင်...

ဝါသနာပါရင် ကြုံတုန်းလေး ဥာဏ်စမ်း ပဟေဠိ လေး ဖြေသွား ကြည့်ရအောင်.... အဖြေမှန်ရပြီဆိုတာနဲ့ comments ထဲမှာပဲဖြစ်ဖြစ် cbox ထဲမှာပဲ ဖြစ်ဖြစ်ရေးခဲ့နိုင်ပါတယ်...။

ဖြစ်စဉ် (၁)။ ။တစ်ခါတုန်းက ဗာရာဏသီမြို့ မှာ အရမ်းချမ်းသာတဲ့ အဘိုးကြီးတစ်ယောက်ရှိသတဲ့။ သူရဲ့နာမည် က ဦးဒီပါ တဲ့။သူဌေးကြီးက လူတိုင်း ကို ကူညီတတ်ပေမဲ့ အလုပ်လုပ်ရာတွင် ပြတ်သားလှပေသည်။ဦးဒီပါ က အရမ်းချမ်းသာတော့ သူ့ အိမ် လုံခြုံ စိတ်ချရဖို့အတွက် ညစောင့် ၀န်ထမ်းတစ်ယောက်ကို ခန့်အပ်ထားလိုက်တယ်တဲ့။ သူ့နာမည်က ဦးသော်က တဲ့။ သူဌေးကြီး ဦးဒီပါ ကလည်း တစ်ယောက်တည်းဆို တော့ ပျင်းတဲ့ အခါ ဦးသော်က နဲ့စကားစမြည် ပြော လေ့ရှိတယ်။ဒီလိုနဲ့ အချိန်တွေကြာလာတော့ သူဌေးကြီး နဲ့ ဦးသော်က တို့ က တစ်ယောက်ကို တစ်ယောက် ရင်းနှီးမှုတွေ တိုး လာခဲ့ကြတယ်။တစ်နေ့မှာ သူဌေးကြီး က ဦးသော်က ကို "မနက်ဖြန် ငါ ခရီးသွား စရာ ရှိတယ် လို့" ပြော လိုက်သတဲ့။ဦးသော်က က "သူဌေးကြီး ဘာနဲ့ သွားမှာ လဲ "လို့မေးလိုက်ပါတယ်။သူဌေးကြီးက "မနက်ဖြန် ငါ ရေကြောင်း ခရီး နဲ့ သွား မယ် "လို့ ပြန်ပြော လိုက်တယ်။ အဒီ ည မှာ ပဲ ဦး သော်က က " ရေကြောင်းခရီးမှာ သူဌေးကြီး ဦးဒီပါ လှေ မှောက်ပြီးတော့ သေတယ်လို့"အိပ်မက် မက်တယ်တဲ့။နောက်တစ်နေ့ မနက် မှာ ဦးသော်က က ကဗျာကယာ နဲ့ သူ့ရဲ့ အိပ်မက် အကြောင်းကို သူုဌေးင်္ကြီး ကို သွားပြော လိုက်ပါတယ်။ အဲ့ဒီချိန်မှာပဲ သူဌေးကြီး ဦးဒီပါ ဟာ ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်ပြီး ဦးသော်က ကို အလုပ်ကနေ ချက်ချင်း ထုတ်ပြစ်လိုက်ပါတယ်။သူဌေး ကြီး ဦးဒီပါလည်း ခရီး ထွက်သွားပါတယ်။ရေကြောင်း ခရီးမှာ လည်း လှေမှောက်ပြီး သူဌေးကြီး လည်း သေဆုံးသွားပါတယ်...။

မေးခွန်း ။ ။သူဌေးကြီး ဦးဒီပါက ဦးသော်က ကို ဘာကြောင့် အလုပ်ကနေထုတ်ပြစ်လိုက် တာလဲ? ။

Monday 26 November 2007

အလွမ်းများ....

သြော်.... ဘ၀မှာ ကိုယ်ဖြစ်ချင်တာကိုသာ ဖြစ်ခွင့်ရမယ်ဆိုရင်...
ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ...။ သြော်.... ဘ၀မှာ ကိုယ်ဖြစ်ချင်တာကိုသာ ဖြစ်ခွင့်ရမယ်ဆိုရင်... ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ...။ လူတိုင်းမှာ အမှတ်တရလေးတွေ ရှိသလို ကျွန်တော်မှာလည်း အမှတ်တရလေးတွေ ရှိပါတယ်။လူရယ်လို့ ဖြစ်လာရင် ၀မ်းနည်းတာတွေ၊၀မ်းသာတွေ၊ရယ်တာတွေ ၊ငိုတာတွေ၊လွမ်းတာတွေ၊ဆွေးတာတွေ၊ချစ်တာတွေ၊မုန်းတာတွေ နဲ့ မလွဲမတွေ ကြုံ ကြရမှာပါ.။တွေ့ဆုံကြူံကွဲ ဓမ္မတာပဲလေ။ တို့တတွေက ကံဇာတ်ဆရာ အလိုကျ ကပြ သရုပ်ဆောင်နေကျရတဲ့ စင်တင်ဇာတ်လိုက်တွေ မဟုတ်လား။ ကံတရားကဆုံတွေ့ခိုင်းတော့လည်း တို့တတွေ ဆုံတွေ့ ကြရတာပဲ။ ကံတရားက လမ်းခွဲခိုင်းတော့လည်း တို့တတွေ လမ်းခွဲ ကြရတာပဲလေ။လောကမှာ ကိုယ်ပိုင်တာ ဘာမှ မရှိဘူး။ ဒါပေမဲ့ ရသလေး တွေတော့ခံစားကြရမှာပါ။ ကျွန်တော့အတွက် ခံစားရတာတွေက တော့ "အလွမ်း" တွေပါ။ တကယ်တော့ တို့တတွေက ထာဝရ ခရီးသည်တွေပါ။ ကံဇာတ်ဆရာက စေညွှန်းတဲ့ ခရီးကို ပဲ လျှောက်ကြရမှာပါ။ ငှက်တွေက ပျံသန်းရင်း နဲ့ ပဲ ဘ၀ကို အဆုံးသတ်ကြရတယ်တဲ့။ တို့တတွေ လည်း ဘ၀ခရီးနှင်ရင်း နဲ့ ပဲ အဆုံးသတ်ကြရမှာပါ။ နောက်ဆုံးတော့ လည်း လေ " ဇော်ဝင်းထွဋ်" ရဲ့ ***** ကိုယ်ပျံသန်းရင်း......ကိုယ်ပျံသန်းရင်း........ကိုယ့်အိမ်သို့ တစ်ခေါက်ပြန်ဖို့.....******* " ဆိုတဲ့ သီချင်းကို ပဲ ဆိုလိုက် တော့ မယ်...။

Friday 2 November 2007

စတုတ္ထအကြိမ်မြောက် ဆုံးဖြတ်ချက်

ဒီကဗျာလေးကို ကျွန်တော့သူငယ်ချင်းမောင်အေးချမ်းရေးထားတာပါ။ ကျွန်တော် အရမ်းကြိုက်လို့ ကျွန်တော့်
ဘလော့မှာ တင်ထားတာပါ...။

ပထမအကြိမ်…
ဖတ်တယ်…
ကျက်တယ်…
မှတ်တယ်. . . ။ မရ ။
ဒုတိယအကြိမ်…
ဖတ်တယ်…
ကျက်တယ်…
မှတ်တယ်. . . ။ မရ ။
တတိယအကြိမ်…
ဖတ်တယ်…
ကျက်တယ်…
မှတ်တယ်. . . ။ မရ ။
အာ…ကြာပါတယ် . . .
ဖောက်တယ်(အရက်)
သောက်တယ်…
မှောက်တယ်ကွာ. . .အဲဒါပဲကောင်းတယ်။

Wednesday 24 October 2007

ချစ်သူဒိုင်ယာလော့ခ်

ချစ်သူရေ…
ကို့ကို့ ….ကို ချစ်လားဟင်
ချစ်တာပေါ့ ကိုကိုရယ် ။
ဘယ်လောက်ကြီး ချစ်သလဲ
မိုးလောက်ကြီးချစ်ပါတယ် ။
ဘယ်ထဲက ချစ်တာလဲ
နှလုံးသားထဲက ချစ်ပါတယ် ။
ဘယ်လောက်ကြာကြာချစ်မှာလဲ
ကမ္ဘာတည်သ၍ ချစ်ပါ့မယ် ။
ကိုကို …ဘယ်သွားသွားလိုက်မှာလား
လိုက်မှာပေါ့ ။
နတ်ပြည်သွားရင်ကော . . .
လိုက်မှာပေါ့ ။
ငရဲပြည်သွားရင် ကော . . .
လိုက်မှာပဲ ။
မြို့ ထဲက အနှိပ်ခန်းတွေ သွားရင်ကော
သွားရဲသွားကြည့်. . . . အကြောင်းသိရမယ် ။

လွမ်းခန်းရောက်မှငိုမနေနဲ့

တို့သတ္တ၀ါအားလုံးဟာ
ကံဇာတ်ဆရာအလိုကျအတိုင်း
ကပြသရုပ်ဆောင်ကျရတဲ့
သံတရာဇာတ်စင်ပေါ်က
စင်တင်ဇာတ်လိုက်တွေမဟုတ်လား။
ကံကဆုံတွေ့ခိုင်းတော့လည်း
တို့တစ်တွေ ဆုံတွေ့ကြရတာပေါ့။
ကံကလမ်းခွဲခိုင်းတော့လည်း
တို့တစ်တွေ လမ်းခွဲကြရတာပေါ့။
ဆုံတွေ့ခိုက်မှာ ပုံမမေ့လိုက်ပါနဲ့လား။

အရှင်ဆန္ဒဓိက(ရွှေပါရမီတောရ)

တစ်ကယ်ချစ်ရင်ခွင့်လွှတ်တယ်

ရှေးရေစက်ကြီးလွန်းလို့
တွေ့ခွင့်ဆုံခွင့် ချစ်ခင်ခွင်
ရခဲ့ကြတာမဟုတ်လား။
ဘာလို့များတစ်ယောက်ကိုတစ်ယောက်
ခွင့်မလွှတ်နိုင်လောက်အောင်
စိတ်ဆိုးငြိုးတေးနေရတာလဲ။
နာကျည်းမှုကုဋေကုဋာနဲ့
ဝမ်းနည်းစွာလမ်းခွဲခဲ့ကြမှတော့
သံတရာတစ်ကွေ့ပြန်လာတွေ့တဲ့အခါ
ဘယ်လို အပြုံး ဘယ်လို မျက်လုံးတွေနဲ့
နှုတ်ဆက် ဖက်ပွေ့ ကြမလဲကွယ်....။


အရှင်ဆန္ဒဓိက(ရွှေပါရမီတောရ)

ခပ်ခွာခွာလေးနေစမ်းပါ

လက်တစ်ဖက်တည်းမှာ
လက်ကောက်နှစ်ကွင်းစွပ်ရင်
အသံမြည်တယ်။
တစ်နေရာတည်းမှာ
လူနှစ်ယောက်ပေါင်းရင်
စကားများတယ်။
စကားမများချင်ရင်
တစ်ယောက်တည်းနေပါ။

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

Tuesday 11 September 2007

ချစ်တတ်သူများသိပါစေ......

"ဆန္ဒရယ် လိုလားမှုရယ် ထာဝစဉ် မျှော်လင့်လျက် စောင့်နေလည်း ကံခေတော့ ဝေးရော့ပေါ့ကွယ်......လူတကာတွေရယ်နေချိန်မှာ လူတကာတွေပြုံးနေချိန်မှာ ငါ့ဘ၀တော့လေ ငိုခြင်းရဲ့အရိပ်အောက်မှာ မျက်ရည်လည်လည်...ရှေးဘ၀ဆက်ကကုသိုလ် တကယ်မပြည့်ဝခဲ့တော့လေ အဖေအမေဆိုလည်း အို ခေါ်စရာကို မရှိတယ်....၀မ်းနည်းမိတယ် ရင်နာမိတယ် ငါ့ဘ၀တစ်လျှောက်မှာကွယ်....."စိုင်းထီးဆိုင်ရဲ့"ငါ့ဘ၀" ဆိုတဲ့ သီချင်းလေး က အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ။ ကိုယ်တိုင်ကြုံ ဖူးကျတဲ့
လူတွေဆိုရင် ဒီသီချင်းလေးကို ကြားတိုင်းရင်ထဲမှာ ငိုနေကြမှာပဲနော်.....။

Thursday 23 August 2007


THIS PHOTO IS MY FATHER , MOTHER AND MY YOUNGEST
BROTHER .I ALWAYS REMEMBER THEIR.

Monday 20 August 2007

တွေးမိတွေးရာအချစ်...

ဒီ story လေးဟာ ကျွန်တော့် သူငယ်ချင်း ရေးထားတာပါ...သူရဲ့ ဘလော့ ကို see ချင်တယ် ဆိုရင်တော့ “သူငယ်ချင်းများ၏ဘလော့များ“ မှ shwe yaung kaung kin ဆိုတာ ကို click လုပ်ပါ....
"လေညာရပ်ကအချစ်..............." တဲ့စိုင်းထီးဆိုင်သီချင်းလေးပါ...ကျွန်တော်ဒီပို့စ်ကိုတင်မယ်လုပ်တုန်း စိုင်းထီးဆိုင်သီချင်းလေးက နားထဲကိုရိုက်ခတ်လာပါတယ်.။ အချစ်တစ်ခုဟာဘယ်လိုလဲ ဆိုတာကိုစဉ်းစားမိတယ်.။"အချစ်တစ်ခုကဖန်တီးယူလို့လည်းမရဘူး လွယ်လွယ်နဲ့ဖျတ်ဆီးပစ်လို့လည်းမရဘူး" လို့ကြားဖူးတယ် .။ တကယ့်အချစ်စစ်နဲ့ တွေ့ရင်တော့လူသားအားလုံးဟာ ရူးသွပ်အောင် ချစ်တက်ကြတယ်လို့လည်းကြားဖူးတယ် .။တကယ်လက်တွေ့မှာရော အဲဒီလိုရောရှိရဲ့လားလို့လည်း တဆက်တည်းမှာစဉ်းစားမိတယ်။ စိုင်းထီးဆိုင် ရဲ့ "လေညာရပ်ကအချစ် "သီချင်းထဲကလို ဘယ်နေရာဘယ်ဒေသရောက်ရောက် အချစ်ရဲ့လေပြေလေညှင်းက အမြဲတမ်းချစ်သူနှစ်ဦင်္းရဲ့ ရင်ကိုတိုက်ခတ်နေသင့်တယ်..လို့လဲထင်မိတယ်။ အဲဒီလိုပဲ ကျွန်တော်ဆိုတဲ့ကောင်က ဟိုဟိုဒီဒီလိုက်ပြီး တွေးနေမိတယ်...။အပြင်ကို ငေးကြည့်လိုက်တော့ တ..ဖောင်း...ဖောင်းနဲ့ မီးပန်းတွေလွှတ်နေတာပါ..။လွှတ်တဲ့သူက သူ့ချစ်သူရဲ့မွေးနေ့မို့လို့လား သူ့ချစ်သူရဲ့ အမှတ်တရနေ့မို့လို့လားမသိဘူး.မီးပန်းလာလွှတ်တာပါ။ ကျွန်တော်ကရော မလွှတ်ဘူးလားလို့မေးရင်..မလွှတ်ပါဘူး..။ရင်ခုန်ရမဲ့သူ မရှိသေးလို့..။အဲဒီလိုပြောလိုက်ရင် စာဖတ်သူကျွန်တော့်ကို အထင်ကြီးသွားမလားပဲ?ဘာမှလည်းမဆိုင်ဘူး......ဟီး...ဟီး..။ ဒီမှာက အဲဒီလိုပဲအမှတ်တရနေ့တစ်ခုခုရှိရင် အဆောင်ဘေးမှာ မီးပန်းလာဖောက်ကြတယ်။ မီးပန်းတွေကလည်း လှလိုက်တာဗျာ.........ဖွားကနဲ...ဖွားကနဲ..ပဲ။ အချစ်တစ်ခုကရော မီးပန်းတစ်ခုလိုပဲလား? အချစ်တစ်ခုက မီးပန်းတစ်ခုလွတ်တင်လိုက်သလို အရူးအမူးအရှိန်ပြင်းပြင်းချစ်တတ်ကြသလား...။ပြီတော့ မီပန်းတစ်ခုလှပစွာ ဖွာကျဲသလိုမျိုး အချစ်ကကြည်နူးမှုကိုပေးစွမ်းနိုင်သလား...။ ပြီတော့ မကြာတဲ့အချိန်မှာ မီးပန်းတစ်ခုလိုကောင်းကင်က ပျောက်ချင်းမလှပျောက်သွားတတ်ကြသေးလား...? အဲဒီလိုမှမဟုတ်ဘူးဆိုရင် အချစ်တစ်ခုကဘယ်လိုမျိုးလဲ ? ရူပဗေဒသဘောတရားလိုမျိုးလား ချစ်တဲ့သူကပေးတဲ့အချစ်လိုမျိုး အချစ်ခံရတဲ့သူကတန်ပြန်ပေးနိုင်မှလား ......ဘယ်လိုမျိုးလဲ...?

Saturday 18 August 2007

ဘာသာစကားသင်တန်းအမှတ်တရ...



ဘာသာစကားသင်တန်း အမှတ်စဉ် (၆) selection-B (10) မှ ကျွန်တော့်သူငယ်ချင်းများ နှင့် Russia language နည်းပြဆရာမ အီရီနာ....

Tuesday 14 August 2007

လေ့လာရေး အပန်းဖြေခရီးအမှတ်တရ...


BMSTU (MOSCOW) တက္ကသိုလ် အမှတ်စဉ်(၆)မှ ကျောင်းသားများ...နွေရာသီ ကျောင်းပိတ်ရက် လေ့လာရေး အပန်းဖြေခရီး.....
happy sa yar pae byar.....


BMSTU UNIVERSITY မှ အမှတ်စဉ်(၆) ကျောင်းသား
များ လေ့လာရေး အမှတ်တရ.......

မှတ်သားစရာလေးများ...


တတ်လှစွာသောစောင်းသမားသည် ငါးရက်မျှစောင်းနှင့် ကင်းမူ ပျက်၏။ တတ်လှစွာသော လေးသမား
သည် ခုနစ်ရက်မျှ လေးနှင့်ကင်းမူ ပျက်၏။ တော်မှန်လှစွာသော မယား ဖြစ်လျှင်မူလည်း လင်နှင့်တစ်လ ကင်း
မူ ပျက်၏။တပည့်တို့ကား လခွဲကင်းမူ ပျက်၏။

An accomplished harpist becomes weak in his musical skill if separated from his harp for five
days . An expert archer becomes faulty if he is away from his bow and arrow for seven days. A virtuous wife is liable to folly if she is separated from her husband for a month. Pupils would falter in their lessons if they are from their teacher for half amonth.

ရှင်းချက်။ ။ ကင်းကွာမှုသည် နဂိုအခြေအနေကို ပျက်ပြားစေတတ်သည်။ စောင်းသမားနှင့်လေးသမားတို့
သည် သူတို့၏ စောင်းနှင့်လေးတို့ကို ရက်ကြာကြာ မကိုင်ဘဲနေလျှင် လက်ပျက်တတ်သည်။မယားကောင်း
သည် လင်နှင့်တစ်လမျှ ကင်းကွာလျှင် ဖောက်ပြန်တတ်သည်။ တပည့်တို့သည် ဆရာနှင့် လ၀က်မျှ ဝေးနေ
ကြလျှင်သင်ကြားထားသမျှ မချို့ကို မေ့ကုန်တတ်ကြသည်။ ယင်းအဆိုသည် ဖြစ်တတ်ခြင်းကို သာ ပြသည်။
ခြွင်းချက်များရှိပေသည်။

Explanation: Separation usually makes for a decline from normal situation.Hartpist and archer would weaken in their skill if they lacked in their practive for some time.A virtuous wife would
possibly weaken her virtue if separated from her husband for a month.Pupils away from their teacher for half a month might forget some of the lessons. However, there are exceptions.

လောကနီတိ...မှ
From loka niti..

အချစ်ဆိုသည်မှာ...

ကျွန်တော့်တို့ကို language သင်ပေးတဲ့ ဆရာမက ဒီလိုပြောခဲ့ဖူးတယ်...။

အချစ်ဟာ မီးတောက်ငယ်လေးတစ်ခု ဖြစ်ခဲ့မယ်ဆိုရင်
ပတ်ဝန်းကျင် က လေဟုန်ပြင်းပြင်းနဲ့ တိုက်ခတ်ရင်
ငြိမ်းသွားနိုင်တယ်...။
တကယ်လို့သာ အချစ်ဟာ ကြီးမားတဲ့ မီးတောက်တစ်ခ
သာဖြစ်ခဲ့မယ်ဆိုရင် လေဟုန်ပြင်းလေပိုတောက်လေပဲတဲ့...။

အဲ့ဒါ ဟုတ်ရဲ့လားဗျာ...။ကျွန်တော်တော့ မကြုံဖူးတော့ မသိဘူးဗျ...။

နေ့စဉ်လူတိုင်းပြောဆိုနေကျသောစကားတွေထဲက မှတ်သားစရာလေးများ...


(၁) တစ်ခါတစ်လေမှာ သဘာဝတရားက ဖန်တီးမှုထက် ဆန်းကြယ်ပါတယ်။
(၂) သစ်ပင်ကို ရေလောင်းတာထက် မိုးရွာတာက သူ့ကို ပိုပြီး အားဖြစ်စေပါတယ်။
(၃) ဘယ်လောက်ပဲအရေခွန်လဲလဲ မြွေဟာ မြွေဟာပဲကွာ။
(၄) စစ်မှန်တဲ့ ရင်းနှီးမှုဆိုတာ ပျော်စရာလေးတွေကို ဖန်တီးပေးတတ်ပါတယ်။
(၅) လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်ဟာ ခဏခဏ မှောက်ယှက်လဲတတ်တယ်။
(၆) မုဆိုး ဆိုတာ သားကောင် စလိုက်ခါစက တောမကျွမ်းပါဘူး။
(၇) လူဆိုတာ မှားတတ်ကြတယ်....ငါလည်း လူဆိုတော့ မှားတာပဲ။




အားကိုးစရာ...

ငှက်တို့၏အားကားကောင်းကင်တည်း။ငါးတို့၏အားကားရေတည်း။အားနည်းသူတို့၏အားကား မင်းတည်း။ သူငယ်တို့၏အားကား ငိုခြင်းတည်း။ကျွန်တော်၏အားကား အဖေနှင့်အမေတည်း။

The source of strength for birds is tha sky. The source of strength for fishes is the water. The sources of strength for the weak is the king.The sources of strength for infants is crying.The
source of strength for me is father and mother.

ရှင်းချက်။ ။ "အား " သည် "အားကိုးစရာ" ကို ဆိုလိုသည်။ငှက်သည် ကောင်းကင်ကို အားကိုးသည်။ လွတ်လပ်စွာ ပျံသန်းနိုင်သည်။ ရန်သူတွေ့လျှင် ပျံတက် သွားနိုင်သည်။ ငါးတို့သည် ရေကို အားကိုးကြသည်။
ရေနည်းလျှင်ငါးတို့အဖို့ အားနည်းသွားရသည်။ အားနည်းသူတို့ အားကိုးစရာမှာ မင်းဖြစ်သည်။မင်းပြဌာန်း
ထားသော ဥပဒေများက အကာအကွယ်ပေးကြသည်။ကလေးငယ်တို့သည်ငိုလျှင် နို့စို့ရသည်။ကျွန်တော်၏
အားကိုးစရာမှာ မိဘ ဖြစ်သည်။ ပိုက်ဆံလိုလျှင်တောင်းလို့ရသည်။

Explanation: "Strength" in this context is source of strength or something to depend upon. Birds have the sy in which to fly freely or fly up when they meet eith enemies.Fishes depend on water.The fish in low water is helpless.The weak look up to the king who prescribes laws for their protection .Infants get milk when they cry.I look up to parents and i get money when i need to use.

လောကနီတိ...မှ
from loka niti.


ရုရှ မှာ ကျွန်တော်တို့အတွက် မိခင်တစ်ဖွယ်ချစ်ခင်လေးစားရပါသော ကျွန်တော့်တို့ရဲ့ language နည်းပြဆရာမ ဒေါ်ရိုဇာ...(ခ)ရိုဇာခေါလာဖောပ်နာ.....


ကျွန်တော့်တို့ selection group (3) မှ သူငယ်ချင်းများနှင့်ကျွန်တော်........