Friday 8 February 2008

ဗေဒင် game

ဒီဗေဒင် game လေးက ကျွန်တော် ရေးထားတာ မဟုတ်ပါဘူး။ဒီ post ကို ရေးထားတဲ့သူ က http://dathana.blogspot.com/ ပိုင်ရှင်ပါ။ ကျွန်တော့်ဘလော့ကို လာလည်ကျတဲ့ သူငယ်ချင်း၊ညီအစ်ကို မောင်နှမများ ကို စိတ်ပြေ လက်ပျောက်လေး ဖြစ်အောင် တင်ပေးထားတာပါ။ entertainment တစ်ခုအနေနဲ့ပေါ့။


စိတ်ပြေ လက်ပျောက်ကလေးပေါ့။ :)ဒီ ဗေဒင် game လေး ကျွန်တော်ဆီမှာ ရှိနေတာကြာပါပြီ။ ကိုယ်တိုင် စမ်းကြည်တုန်းက မှန်သလို သူငယ်ချင်းတွေ ပေးကြည့်တော့လည်း မှန်တယ်လို့ ပြောကြတယ်။ ဖြေကြည့်မယ်ဆို စိတ်ဝင်တစား ဖြေပါ။ ရှောက် ရမ်းမရေးပါနဲ့။ တစ်ခါပဲ ဖြေလို့ရပါမယ်။ ဘာလို့လဲဆိုတော့ အဖြေ သိပြီးမှ ဆိုရင် နောက်တစ်ခေါက် ဖြေလို့ အဖြေမှန် မထွက်နိုင်တော့ပါဘူး။ဖြေတဲ့အခါမှာ စိတ်ထဲမှာ ချက်ချင်း ပေါ်လာတာကို ချရေးပါ။ ကဲစရအောင်...
1.) အရင်ဆုံး ၁ ကနေ ၁၁ အထိ အမှတ်စဉ်ကို အပေါ်အောက် ချရေးထားပါ။
2.) ပြီးရင်...၁ နဲ့ ၂ မှာ - ကြိုက်ရာ ဂဏန်း တစ်ခုစီရေးပါ။
3.)၃ နဲ့ ၇ မှာ - ဆန့်ကျင်ဘက်လိင် တစ်ဦးစီရဲ့ နာမည်တွေ ရေးပါ။ (ကိုယ်က ယောင်္ကျားလေးဆို မိန်းကလေး နာမည်။)(၃ မှာ တစ်ယောက် ၇မှာ တစ်ယောက်)(အများကြီး မစဉ်းစားပဲ ခေါင်းထဲ ပေါ်လာတဲ့ နာမည်တွေကိုသာ ရေးပါရန်။)
4.) ၄ ၊၅ နဲ့ ၆ မှာ ကျား/မ မရွေး တစ်ယောက်ယောက်စီရဲ့ နာမည်တွေ ရေးပါ။ (သူငယ်ချင်း ၊ မိသားစုဝင် လိုမျိုး။)
5.)၈၊ ၉၊ ၁၀၊ ၁၁ နေရာတွေမှာ သီချင်း ခေါင်းစဉ် တစ်ခုစီ ရေးပါ။
6.) ဆုတောင်းပါ။ ;
7.)ကဲ ကိုယ်ဖြေလိုက်တာ ဘာအဓိပ္ပါယ်လဲ။ ဒီမှာဖတ်ကြည့်ပါ။ good luck :)