Friday 8 February 2008

ဗေဒင် game

ဒီဗေဒင် game လေးက ကျွန်တော် ရေးထားတာ မဟုတ်ပါဘူး။ဒီ post ကို ရေးထားတဲ့သူ က http://dathana.blogspot.com/ ပိုင်ရှင်ပါ။ ကျွန်တော့်ဘလော့ကို လာလည်ကျတဲ့ သူငယ်ချင်း၊ညီအစ်ကို မောင်နှမများ ကို စိတ်ပြေ လက်ပျောက်လေး ဖြစ်အောင် တင်ပေးထားတာပါ။ entertainment တစ်ခုအနေနဲ့ပေါ့။


စိတ်ပြေ လက်ပျောက်ကလေးပေါ့။ :)ဒီ ဗေဒင် game လေး ကျွန်တော်ဆီမှာ ရှိနေတာကြာပါပြီ။ ကိုယ်တိုင် စမ်းကြည်တုန်းက မှန်သလို သူငယ်ချင်းတွေ ပေးကြည့်တော့လည်း မှန်တယ်လို့ ပြောကြတယ်။ ဖြေကြည့်မယ်ဆို စိတ်ဝင်တစား ဖြေပါ။ ရှောက် ရမ်းမရေးပါနဲ့။ တစ်ခါပဲ ဖြေလို့ရပါမယ်။ ဘာလို့လဲဆိုတော့ အဖြေ သိပြီးမှ ဆိုရင် နောက်တစ်ခေါက် ဖြေလို့ အဖြေမှန် မထွက်နိုင်တော့ပါဘူး။ဖြေတဲ့အခါမှာ စိတ်ထဲမှာ ချက်ချင်း ပေါ်လာတာကို ချရေးပါ။ ကဲစရအောင်...
1.) အရင်ဆုံး ၁ ကနေ ၁၁ အထိ အမှတ်စဉ်ကို အပေါ်အောက် ချရေးထားပါ။
2.) ပြီးရင်...၁ နဲ့ ၂ မှာ - ကြိုက်ရာ ဂဏန်း တစ်ခုစီရေးပါ။
3.)၃ နဲ့ ၇ မှာ - ဆန့်ကျင်ဘက်လိင် တစ်ဦးစီရဲ့ နာမည်တွေ ရေးပါ။ (ကိုယ်က ယောင်္ကျားလေးဆို မိန်းကလေး နာမည်။)(၃ မှာ တစ်ယောက် ၇မှာ တစ်ယောက်)(အများကြီး မစဉ်းစားပဲ ခေါင်းထဲ ပေါ်လာတဲ့ နာမည်တွေကိုသာ ရေးပါရန်။)
4.) ၄ ၊၅ နဲ့ ၆ မှာ ကျား/မ မရွေး တစ်ယောက်ယောက်စီရဲ့ နာမည်တွေ ရေးပါ။ (သူငယ်ချင်း ၊ မိသားစုဝင် လိုမျိုး။)
5.)၈၊ ၉၊ ၁၀၊ ၁၁ နေရာတွေမှာ သီချင်း ခေါင်းစဉ် တစ်ခုစီ ရေးပါ။
6.) ဆုတောင်းပါ။ ;
7.)ကဲ ကိုယ်ဖြေလိုက်တာ ဘာအဓိပ္ပါယ်လဲ။ ဒီမှာဖတ်ကြည့်ပါ။ good luck :)


Sunday 13 January 2008

တစ်ခါတစ်လေကျတော့လည်း ...တစ်ခါတစ်လေကျတော့လည်း....
ဖြစ်ချင်တာတွေက အများကြီးပဲ။ လူမိုက်တွေနဲ့တွေ့ရင် လူမိုက်ကြီး
ဖြစ်ချင်တယ်...။ချမ်းသာတဲ့လူတွေကို မြင်ရင်...အရမ်းချမ်းသာချင်တယ်...။
သိုင်းဝတ္ထု သိုင်း ဇာတ်လမ်း တွေ ကြည့်ရင်လည်း သိုင်း ကျွမ်းကျင်တဲ့ လူတစ်ယောက်
ဖြစ်ချင်ကျတယ်...။ဂစ်တာတီး ကျွမ်းတဲ့ လူတွေကို ကြည့်ပြီးတော့လည်း ဂစ်တာတီးကျွမ်းကျင်တဲ့ လူ
တစ်ယောက်ဖြစ်ချင်လိုက်တာ...။သင့်မှာရော...အဲ့ဒီ လိုစိတ်တွေ မဖြစ်ပေါ်ဖူးလား။
လူတိုင်းမှာ အားကျတတ်တဲ့ စိတ်တွေရှိလိမ့် မယ်လို့ထင်ပါတယ်...။